ပင်လုံ မေ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယမန်နေ့မှစတင်၍ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ် လက်ခံလျက်ရှိသည်။
အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းလာရောက် အပ်နှံခဲ့ကြသည့် KG တန်းမှ Grade-12 တန်းအထိ ကျောင်းသား၊ ကျောင်းသူများအား အတန်းအလိုက် ဆရာ၊ ဆရာမများက ပညာရေးဝန်ကြီးဌာနမှ ပေးအပ်သည့် ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)