ကမာရွတ်မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများတွင် ​သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်

ကမာရွတ် ​မေ ၂၅

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့​နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ အ-မ-က(၁၄)ကျောင်းဝင်း၊ အ-ထ-က(၅)​ကျောင်းဝင်း၊ အ-မ-က(၈)ကျောင်းဝင်းသန့်ရှင်းသာယာသပ်ရပ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ဝင်များမှ ကျောင်းဝင်းအတွင်းရှိအမှိုက်များ၊​ပေါင်းမြက်ခြံများရှင်းလင်းခြင်း၊ ရေမြောင်းရှင်းလင်းဆောင်ရွက်ခြင်းတို့ကို​ ဆောင်ရွက်ပေးခဲ့ပါသည်၊၊   

အလားတူ​ကျောင်းဖွင့်ရာသီအမီ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းနှင့် ကျောင်းဝင်းအတွင်းရှိ ရေကန်များ အဘိတ်ဆေးခတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့​ကြောင်းသိရှိရပါသည်။

စိမ်းလဲ့(ပြန်ဆက်)