ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒွရွာကျေးရွာရေရရှိသုံးစွဲမှု အ‌ခြေအနေများကို ကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း မေ ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြင့်မိုရ်ထိပ်ထားကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့သည့် သောက်သုံးရေအတွက် တွင်းနက်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်ကျေးရွာနေပြည်သူများ လက်ရှိရေသုံးစွဲနေမှု အခြေအနေများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၁ ဒသမ ၈၉၇၇၅)ဖြင့် မြင့်မိုရ်ထိပ်ထားကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဒွရွာကျေးရွာတွင် သောက်သုံးရေအတွက် တွင်းနက်တူးဖော်ခြင်း တွင်းအကျယ် ၄ ပေ၊ အနက်ပေ ၄၀၀ ၊ ဆိုလာစွမ်းအင်စနစ်သုံး Solar Pannel (4kw)နှင့်ဂါလံ ၅၀၀၀ ဆံ့ ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ကျေးရွာပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိသုံးစွဲနေသည့် အခြေများကို ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာများ၊ ကျေးရွာ တာဝန်ခံများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၃၅ အိမ်၊ လူဦးရေ ၅၆၁ ဦးတို့အတွက် သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)