သရက်ချောင်း မေ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ရေး ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်း မြို့နယ်၊ သင်းကျွန်းကျေးရွာနှင့် အစ်အစ်ကျေးရွာတို့မှ တောင်သူ (၇၃)ဦး၊ တစ်ဧကလျှင် ၁ သိန်းခွဲ နှုန်းဖြင့် စပါးစိုက် (၃၆၈) ဧကအတွက် ချေးငွေကျပ် (၅၅၂၀၀၀၀) သိန်းကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် ကျေးရွာ (၂၇) ရွာရှိသည့်အနက် မေလအတွက် ကတွဲ၊ အစ်အစ်၊ သင်းကျွန်း၊ သင်းကျွန်း၊ ဆင်ဖြူပြင်ကျေးရွာများကို ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာ ထံမှ သိရသည်။
ပြည့်ဖြိုးပိုင် (သရက်ချောင်း)