သိန္နီမြို့၌ မိုးစပါးနှင့် ပြောင်း စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ

သိန္နီ မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများ မိုးစပါးနှင့် ပြောင်း စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် အဆင်ပြေစေရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီ ချေးငွေများ ထုတ်ချေးပေးခြင်းကို မြို့တော်ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် သိန္နီမြို့နယ်အတွင်းရှိ စယ်အူ၊ နောင်ကျောင်း၊ တိုင်ယက်၊ နားဆော့၊ မိုင်းပါး၊ ပိန်းဆာ၊ ကောင်းဟော်၊ ကုန်းညောင် ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်(၁)၊ (၂)ရှိ စိုက်ပျိုးရေးတောင်သူ များအား စပါးစိုက်ဧက တစ်ဧကလျှင် ငွေကျပ်−၁၅၀၀၀၀ နှုန်း၊ ပြောင်း စိုက်ဧက တစ်ဧကလျှင် ငွေကျပ် −၁၀၀၀၀၀ နှုန်းဖြင့် စိုက်ပျိုးရေးတောင်သူ (၆၄၂) ဦးအတွက် ငွေကျပ် (၄၃၈၉)သိန်း အား ထုတ်ချေးပေး လျက်ရှိသည်။ အဆိုပါ ထုတ်ချေးပေးသော ချေးငွေများကို သီးနှံပေါ်ချိန်တွင် တောင်သူများက အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)