ဘားအံမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ ပြုလုပ်

ဘားအံ မေ  ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ မြို့နယ်အဆင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၃:၃၀) နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကျော်စိုးထင်က အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေး နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဌာန၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိတရားလေးပါး ကင်းရှင်းစေလိုကြောင်း၊ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းကြပ်မတ်နိုင်ရေး၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များ၊ အဂတိလိုက်စားမှု ပုံစံများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းကိုဦးက အဂတိလိုက်စားမှု အမျိုးအစားများ၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်သည့် နစ်နာမှုများကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (မြို့နယ်ဦးစီးမှူးရုံး)မှ  ဦးဝင်းနိုင်က အဂတိလိုက်စားမှု၏ သက်ရောက်မှုများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မြင့်သက်ထွေးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း   ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဘားအံမြို့နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)