မရမ်းကုန်မြို့နယ်၌ ၃၈ ဖြာမင်္ဂလာ ရေးဖြေစာမေးပွဲကျင်းပ

မရမ်းကုန်းမေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၃၈ ဖြာမင်္ဂလာ ရေးဖြေစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ၃၈ ဖြာမင်္ဂလာ ရေးဖြေစာမေးပွဲတွင် မြို့နယ်ပညာရေးမှူး ​ဒေါ်​ဝေ​ဝေမြင့်က လူငယ်လူရွယ်လေးများ၏ ကိုယ်ကျင့်တရား​ကောင်းမွန်လာ​စေရန်နှင့် ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုနှင့် ဘာသာတရားကိုနားလည်သော သားကောင်းသမီးကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ၃၈ ဖြာမင်္ဂလာ ရေးဖြေစာမေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၃၈ ဖြာမင်္ဂလာရေးဖြေစာမေးပွဲကို မြို့နယ်အ​​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်သူစိုးနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး စာ​ဖြေလာ​ကျောင်းသား၊​ ကျောင်းသူများအား အ​အေးနှင့် မုန့်များ​ကျွေး​မွေးခဲ့ကြောင်း သိရသည်။

​အေး​အေး​အောင်