မက်မန်းမြို့ မင်းရန်အောင်စေတီတော်ပတ်လမ်းရှိ Outdoor Fitness ၌ ကိုယ်ကာယလေ့ကျင့်ပြုလုပ်မှုမှ ပြည်သူများ ကျန်းမာရေးအတွက် အထောက်အကူဖြစ်

မက်မန်း မေ ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ မင်းရန်အောင်စေတီတော်ပတ်လမ်းရှိ Outdoor Fitness ၌ နံနက်စောစောနှင့် ညနေ နေအေးအေး အချိန်များတွင် တောတောင်သဘာဝရှုခင်းခံစားကြည့်ရှုရင်း ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်မှုမှ ပြည်သူများ ကျန်းမာရေးအတွက် အထောက်အကူပြုလျက်ရှိသည်။

“ကိုယ်ကာယလေ့ကျင့်လို့ရတဲ့ စက်တွေတပ်ထားတော့ လေ့ကျင့်ခန်းလုပ်ရတာအဆင်ပြေတယ် ကိုယ်တွေ လိုပဲ ကျန်းမာရေးလိုက်စားပြီး လေ့ကျင့်ခန်းလာလုပ်တဲ့လူတွေရှိတော့ လူမှုဆက်ဆံရေးလဲ ပိုကောင်း လာတယ်၊ ချိန်းဆိုစရာမလိုဘဲနဲ့ ဒီနေရာမှာ အားကစားလေ့ကျင့်ခန်းလည်းလုပ် သိသမျှဗဟုသုတ ဖလှယ် သန့်ရှင်းတဲ့လေကို ရှူရှိုက်၊ လမ်းလျှောက်၊ ဘုရာဖူးရင်း၊ တောတောင်သဘာဝအလှအပ တွေကိုလည်း ကြည့်ရှုခံစားလို့ရတယ် ကျန်းမာရေးအတွက် အထောက်အကူပြုလို့ ဒီ Outdoor Fitness တပ်ဆင် ထားတာကို ကြိုက်ပါတယ်” ဟု လေ့ကျင့်ခန်းလာရောက်လုပ်နေသည့် ပြည်သူတစ်ဦးက ပြောကြားကြောင်း သိရသည်။

အေးဝင်းစိုး(ခရိုင်၊ပြန်/ဆက်)