ပေါင် မေ ၂၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်နေပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံနေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ပေါင်မြို့နယ်အတွင်းရှိ လာရောက်ကျောင်းအပ်နှံကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ပေါင်မြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၆၄)ကျောင်းရှိရာ မေ(၂၄)ရက်နေ့အထိ မူလတန်းအဆင့်(၂၁၀၈၁)ဦး၊ အလယ်တန်းအဆင့်(၈၉၀)ဦး၊ အထက်တန်းအဆင့်(၅၀)ဦး စုစုပေါင်း (၂၂၀၂၁)ဦး လာရောက်အပ်နှံကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)