ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များကို  ခင်းကျင်း​ပြသ

ရန်ကုန် မေ ၂၅

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ အသိပညာများ တိုးပွားစေရေး၊ ရှောင်ရှားသင့်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်တိုအတွင်း သိမှတ်နိုင်စေရန် ရည်ရွက်ချက်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နံရံကပ်စာစောင်ပြပွဲကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဆောင်းပုဒ်များ၊ အချက်အလက်များ၊ ကဗျာများ၊ ကာတွန်းရုပ်ပုံများဖြင့် ဝေဝေဆာဆာ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလူငယ်များက စိတ်ပါဝင်စားလေ့လာကြည့်ရှု ခဲ့ကြပါသည်။ နံရံကပ်စာစောင်နှင့်ပတ်သက်၍ သိရှိလိုသည့်အချက်အလက်များကိုလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)