သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ဘုရင့်နောင်တွင် ကျောင်းအပ်နှံမှု အခြေအနေအား လိုက်လံကြည့်ရှုအားပေး

သံတောင်ကြီး မေ ၂၅

ကရင်ပြည်နယ် ၊   သံတောင်ကြီးမြို့နယ် ဘုရင့်နောင် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် မေလ ၂၃ ရက်နေ့မှစပြီး ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ဘုရင့်နောင်တပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူတို့က ကျောင်းအပ်နှံမှု အခြေနေအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျောင်းအပ်နှံလက်ခံခြင်းကို  အသက်(၅)နှစ်အရွယ် ကလေးများ KG တွင် အပ်နှံ၍ (၆)နှစ် အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေး ငွေများ ပေးသွင်းရန် မလိုဘဲ သက်ဆိုင်ရာ အတန်းနှင့် ဘာသာရပ်အလိုက် ကျောင်းသုံးပုံနှိပ် စာအုပ်မျာ၊ ခဲတံများ၊ ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း KG တန်းမှ Grade (5) အထိ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကျောင်းအပ် လက်ခံခြင်းကို မေလ (၂၃) ရက်နေ့မှ (၃၁)ရက် နေ့အထိ ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ (၁) ရက်နေ့မှ စတင်ကာ ကျောင်းသင် ခန်းစာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှသိ ရသည်။

အဆိုပါ  ဘုရင့်နောင်တပ်နယ် အခြေခံပညာ အထက်တန်းကျောင်းအပ်လက်ခံမှု အခြေအနေကိုဘုရင့်နောင်တပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ