လောက်ကိုင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးဆောင်ရွက်

လောက်ကိုင် မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသလောက်ကိုင်မြို့တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရန်ပုံငွေရှာဖွေထိန်းသိမ်းရေးအဖွဲ့၏ ကျန်းမာရေးအဖွဲ့များက ယနေ့နံနက်ပိုင်းက ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပိုးသတ်ခြင်းလုပ်ငန်းကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျန်းမာရေးအဖွဲ့များက လောက်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် အခြေခံပညာကျောင်းများရှိ ခြင်ပေါက်ပွားနိုင်သည့် အိုးခွက်များအတွင်းမှ ရေများစွန့်ပစ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ခြင်းကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသကျန်းမာရေးအဖွဲ့ဒုအဖွဲ့မှူး လျှိုကျန်ချမ်းက ကျန်းမားရေးအဖွဲ့များအားရပ်ကွက်အလိုက်တာဝန်များ အသီးသီးခွဲဝေဆောင်ရွက်ရန် ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း သိရသည်။

ညိုညိုဝင်း ( လောက်ကိုင် )