ကန့်ဘလူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ ကျင်းပမည်

ကန့်ဘလူ မေ ၂၅

ပြည်သူများအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးတက်ပြန့်ပွားစေရေး အတွက် ရည်ရွယ်ကာ ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို ဇွန် ၂ ရက်နေ့တွင် အ.ထ.က() ကန့်ဘလူ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

အဆိုပါပြိုင်ပွဲတွင် မူလတန်းဆင့်နှင့်အလယ်တန်းဆင့် ရောင်စုံပန်းချီပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲခေါင်းစဥ်အနေဖြင့် “Solution to plastic pollution ” ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့ဖြစ်ကာ မူလတန်း၊ အလယ်တန်းကျောင်းသား/ကျောင်းသူ မည်သူမဆို ဝင်ရောက်ယှဥ်ပြိုင်နိုင်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်ထံမှ သိရသည်။

ယင်းပြိုင်ပွဲဝင်ပန်းချီကားများကို ပန်းချီပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အမှတ်ပေး စည်းကမ်းချက်များနှင့်အညီ စစ်ဆေးသွားမည်ဖြစ်ပြီး မူလတန်းဆင့်၊ အလယ်တန်းဆင့် ရောင်စုံပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆုတို့ကို ဇွန် ၅ ရက်နေ့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)