စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေး

စစ်ကိုင်း မေ ၂၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ဇွန်(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ် အဖြစ် မေ(၂၃)ရက်မှ (၃၁)ရက်နေ့အထိ ကျောင်းသား/ ကျောင်းသူများအား ကျောင်အပ်နှံမှုလက်ခံပေး ခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ယနေ့တွင် စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် လာရောက် ကျောင်းအပ်နှံခဲ့ကြကြောင်းသိရသည်။

ထိုသို့ကျောင်းအပ်လက်ခံရာတွင် သက်ဆိုင်ရာအခြေခံပညာ ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအပ်လက်ခံမှု ဆရာ/ဆရာမများ၊ ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကို တစ်ပါတည်းပေးအပ်ခဲ့ကြသည်။

ကျောင်းအပ်လက်ခံရာတွင် ကျောင်းများလုံခြုံရေး၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘပြည်သူများ၏ လုံခြုံရေးများအတွက် သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တာဝန် သိပြည်သူများက ပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်( ပြန်/ဆက်)