မြိုင် မေ ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာပေး Talk Show ကို မေလ၂၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်က မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ပြုလုပ်သည်။
အဆိုပါ Talk Show အား စားသုံးသူပြည်သူများအနေဖြင့်အစားအသောက်ဘေးကင်းလုံးခြုံစေရန်ရည်ရွယ်၍ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြိုင်မြို့နယ်တာဝန်ခံ ဦးဇော်ထွန်းဦးတို့က စားသောက်ကုန်များ၏ သက်တမ်း၊ ကုန်စည်၏ ကုန်ညွှန်းအမှတ်အသားတို့ကို သိရှိရန်လိုအပ်ကြောင်း၊ စားသောက်ကုန်များ၏ သဘာဝပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သောအချက်အလက်များ၊ ဝန်ဆောင်မှုနှင့်ပတ်သက်သောအာမခံချက်များ၊ ကုန်စည်၏အရည်အသွေးနှင့် အလေးချိန်မှန်ကန်မှု၊ ဘေးအန္တရာယ်ကင်းရှင်းစေမှု၊ သုံးစွဲနေသည့်ကာလအတွင်း အပိုပစ္စည်း ရရှိနိုင်မှု၊ ပြုပြင်နိုင်မှု၊ လဲလှယ်နိုင်မှု၊ ကုန်ညွှန်းအမှတ်အသားပါ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးရန်လိုကြောင်း၊ စားသုံးသူမျာအနေဖြင့်တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး TalkShowအစီအစဉ် များကိုပြုလုပ်လျက်ရှိပြီး Online နှင့် Facebook Page များမှတဆင့် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
မယ်ခွေ