နတ်မောက်မြို့နယ်တွင် တောင်သူများ ဝါသီးနှံ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရန် စစ်တမ်းကောက်ယူခြင်းဆောင်ရွက်

နတ်မောက် မေ ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် တောင်သူများ ဝါသီးနှံပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်ချက်ပံ့ပိုးပေးနိုင်ရန် စစ်တန်းကောက်ယူခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ သည်။

၂၀၂၃-၂၀၂၄ မိုးရာသီတွင် မကွေးတိုင်းဒေသကြီးအတွင်း၌ ဝါသီးနှံကို (၁ဒဿမ ၉၃၅၃) ဧက စိုက်ပျိုးသွားမည်ဖြစ်၍ ဝါစိုက်တောင်သူများ ဝါသီးနှံပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်၊ ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိန်း ဦးဆောင်ပြီး   စစ်တမ်းကောက်ယူရေးအဖွဲ့နှင့် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူးဒေါ်မော်မော်ဝင်းအဖွဲ့တို့မှ နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအား ဝါစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်ချက်များအား ကူညီပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန်နှင့် အားသာချက်/ အားနည်းချက် များအားရှင်းလင်းဆွေးနွေးခဲ့သည်။  အဆိုပါ ဝါသီးနှံ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး စစ်တမ်းကောက်ယူရာသို့ နတ်မောက်မြို့နယ်ရှိ ဝါစိုက်သူများနှင့် ဝါစက်လုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း