မိုင်းငေါ့မြို့တွင် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign ဆောင်ရွက်

မိုင်းငေါ့  မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယနေ့၊ နံနက်(၈)နာရီ ကချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ‌ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသိုက်ထွန်း၏ စီမံလမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့က လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြစ် ခရီးသွားလာနေကြသည့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင် ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ‌‌လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်သွားလာကြ ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရေး စသည်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း Mask (၂၁၀) ကိုအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

မြင့်သွယ် (မြို့နယ် ပြန်/ဆက်)