ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် စပါးသီးနှံတစ်ဧကအထွက်နှုန်း (၁၀)တင်းတိုးတက်ရရှိရေး တောင်သူများအား ပညာပေးခြင်းဆောင်ရွက်

ကြံခင်း မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာ၊ တိုင်းမျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သော အဖွဲ့ဝင်များက ကြံခင်းမြို့နယ် ဘက်ရဲမြို့ မိုးကောင်းဘုရားတန်ဆောင်းအတွင်း ယမန်နေ့ နေ့လည်ပိုင်းက အသိပညာပေးခြင်း ဆောင်ရွက်ကြကြောင်း သိရသည်။

ဘက်ရဲမြို့အတွင်းရှိ ကျေးရွာအုပ်စု (၃) စုမှတောင်သူများအား မိုးစပါးမျိုးစေ့တစ်ဧက အထွက်နှုန်း (၁၀)တင်း တိုးတက်ရရှိစေရန် တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဌေးမြင့်နှင့်အဖွဲ့ဝင်များက မျိုးကောင်း/သန့်စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်လုပ်နည်းပညာ ခေါင်နှံစနစ်ဖြင့် မျိုးစေ့ထုတ်လုပ်ခြင်း၊ ရိတ်သိမ်းချိန်လွန်နည်း ပညာပေးခြင်း၊ စပါးသီးနှံတွင်ကျရောက်တတ်သောရောဂါများနှင့် ဖျက်ပိုးများဘက်စုံ ကာကွယ်နှိမ်နင်းနည်း၊ မြေဩဇာများစနစ်တကျ သုံးစွဲနည်းများကို အသိပညာပေး ရှင်းလင်း ပြောကြားကြကြောင်း သိရသည်။

အသိပညာပေးပွဲသို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန (တိုင်းမျိုးစေ့တာဝန်ခံ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဌေးမြင့်နှင့် တိုင်းမျိုးစေ့ပညာပေးအဖွဲ့ (၁)အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစတိုင်းသာယာနှင့် ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ တောင်သူများတက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)