ကျောက်မဲ မေ ၂၅
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ယမန်နေ့နေ့နံနက် (၉)နာရီအချိန်မှ စတင်ပြီး ကျောင်းအပ်နှံမှုကို စတင်လက်ခံလျက်ရှိရာ ကျောင်းများတွင် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက များပြားစွာ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ အ.ထ.က(၇)ကျောင်း၊ အ.ထ.ကခွဲ(၁ )ကျောင်း၊ အ.လ.က (၂)ကျောင်း၊ အ.လ.ကခွဲ (၄)ကျောင်း၊ အခြေခံပညာမူလွန်ကျောင်း(၆)ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း (၂၅)ကျောင်း စုစုပေါင်း ကျောင်း (၄၅)ကျောင်းများမှ ယမန်နေ့မေ (၂၄)ရက် နေ့အထိ ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၆၇၆)ဦး ရှိကြောင်း ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားသော မေလ (၂၃)ရက် နေ့မှ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံမှုကို လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)