မုံရွာခရိုင် ပုဂ္ဂလိက ကျန်းမာ‌ရေး‌လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီက မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးခန်း(၄)ခုအား ကြည့်ရှုစစ်ဆေး

မုံရွာ မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပုဂ္ဂလိက ကျန်းမာ‌ရေး‌လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် ခရိုင်ပုဂ္ဂလိက ကျန်းမာ‌ရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင်ရည်ရွယ်၍ မေလ ၂၄ ရက် နေ့ ညနေပိုင်းက မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးခန်း(၄)ခုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မုံရွာခရိုင် ပုဂ္ဂလိက ကျန်းမာ‌ရေး‌လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များသည် မုံရွာမြို့ရုံးကြီးရပ်ကွက်နှင့် ဘုရားကြီးရပ်ကွက်တို့ရှိ   ဒေါက်တာဝင်းမော် ကြီးမှူးဖွင့်လှစ်သည့် စိုပြေအထူးကုဆေးခန်း၊ ဒေါက်တာ ဥာဏ်လင်း  ကြီးမှူးဖွင့်လှစ်သည့် သွားနှင့်ခံတွင်းအထူးကုဆေးခန်း၊ ဒေါက်တာအေးသီတာမြင့်  ကြီးမှူးဖွင့်လှစ်သည့် မျက်စိအထူးကုဆေးခန်းနှင့် ဒေါက်တာအောင်နိုင်ထွန်း ကြီးမှူးဖွင့်လှစ်သည့် မျက်စိအထူးကုဆေးခန်းတို့သို့ ရောက်ရှိပြီး အဆိုပါပုဂ္ဂလိကဆေးခန်း တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများ အကြီးအကဲများက ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှုရှိမရှိ၊ ပုဂ္ဂလိကဆေးခန်းလုပ်ငန်းလိုင်စင် သက်တမ်းတိုးဆောင်ရွက်ရန် အနီးကပ်ကြီးကြပ် စစ်ဆေးပြီး သက်တမ်းကုန်လိုင်စင်များအား သက်တမ်းအသစ်တိုးရန်၊ နှစ်စဥ်သတ်မှတ်ထားသည့် အခွန်ပေးဆောင်ထားခြင်း ရှိ၊ မရှိ၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ရှိ၊ မရှိ နှစ်စဥ်သတ်မှတ်ထားသည့် စည်ပင်လုပ်ငန်းလိုင်စင် ရှိ၊ မရှိ၊ လျှပ်စစ်‌ကြွေးကျန်များ ရှိ၊ မရှိ တို့ကို စစ်ဆေးခဲ့ကြပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက်လည်း လိုအပ်သည်များကို အကြံပြုလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)