မိုင်းငေါ့မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်‌ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းငေါ့ မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မိုင်းငေါ့မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး  ဦးမင်းသိုက်ထွန်းက အမှာစကားပြောကြားရာတွင် မိုင်းငေါ့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရန်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ Mask နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ သွားလာကြရန်၊ ရပ်ကွက်အတွင်း သံသယလူနာများ တွေ့ရှိပါကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားရန်၊ ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးနှံကြရန်၊ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားထားသော ညွှန်ကြားချက်မျာအတိုင်း လိုက်နာ‌ဆောင်ရွက်ကြရန်နှင့် လူစည်းကားသောနေရာများတွင် Mask Campaign များ ဖြန့်‌ဝေခြင်းကို အပတ်စဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးကို တက်ရောက်လာကြသော ဌာနဆိုင်ရာမှားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)