ဟိုပန် မေ ၂၅
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃) ရက်နေ့မှ စတင်၍ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိသည်။
ကျောင်းလာရောက်အပ်နှံခဲ့ကြသည့် KG တန်းမှ Grade-12 တန်းအထိ ကြောငျးသား၊ ကျောင်းသူများအား အတန်းအလိုက်ဆရာ၊ဆရာမများက ပညာရေးဝန်ကြီးဌာနမှ ပေးအပ်သည့် ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
ဟိုပန်မြို့နယ်တွင် အခြေခံပညာအထက်ကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ မူလွန်ကျောင်း(၉)ကျောင်း၊ မူလတန်းကျောင်း(၂၉)ကျောင်းနှင့် မူလတန်း(ခွဲ) ကျောင်း(၁၀)ကျောင်း ဖွင့်လှစ်ကာ မေလ(၂၃)ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့အထိ ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၇၄၇)ဦး အပ်နှံခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)