ပန်းတောင်း မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကျေးရွာအုပ်စု ရပ်ကျေးစာရေးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အစည်းဝေးကို ယမန်နေ့နံက်ကိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက မိုးစပါး (နိုင်ငံ့စီးပွားမြှင့်တင်ရေး)ဧကများ စာချုပ် ချုပ်ဆိုနိုင်ရေး၊ချည်မျှင်ရှည်ဝါ စိုက်ပျိုးရေး၊ အထွက်နှုန်းကောင်းသည့် ဗီယက်နမ်မြေပဲမျိုး ပြောင်းလဲစိုက်ပျိုးရေးများ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်မြန်မ့ာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာဦးသိန်းလှိုင်က မိုးစပါးချေးငွေနှင့်ပတ်သက်၍လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစောမြင့်ဦးက မွေးမြူရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းလင်းထွန်းက မြေစာရင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးကြပြီးသိရှိလိုသည်များကို တက်ရောက်လာသောရပ်ကျေးစာရေးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြန်လည်မေးမြန်းခဲ့ပြီး လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၁၁၃)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ ဆက်)