စမ်းချောင်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့၊နံနက် (၉)နာရီခွဲက မြို့နယ်အတွင်း ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် ရပ်ကွက်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် စမ်းချောင်းမြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းနှင့် မုန့်လုပ်ဆောင်းကုန်း တောင်ရပ်ကွက်၊ ကျွန်တော(လယ်)ရပ်ကွက်၊ စမ်းချောင်း (မြောက်)ရပ်ကွက်၊ ဝေဠုဝန်(မြောက်)ရပ်ကွက်၊ ဝေဠုဝန် (တောင်)ရပ်ကွက်များသို့ အဘိတ်ဆေးခပ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နီလာစိုး (ပြန်/ ဆက်)