ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ နယုန်လပြည့်နေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပ

ကြည့်မြင်တိုင် မေ ၂၅

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့၊ ​နေ့လယ် ၂ နာရီက နယုန်လပြည့်နေ့အကြောင်း သိ‌ကောင်းစရာအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံးမှ ဒေါ်ခိုင်ဇာလင်းနှင့် ဒေါ်ရည်ရည်မွန်တို့က နယုန်လပြည့်နေ့အကြောင်းနှင့် နယုန်လပြည့်နေ့ ထူးခြားချက်များ၊ နယုန်လအတွင်း ကျင်းပခဲ့သည့်ပွဲ​တော်များ စသည့်အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အနေဖြင့် ပြည်သူများဗဟုသုတရရှိအောင်  အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ ဆက်)