ပန်းတောင်းမြို့နယ်၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု

ပန်းတောင်း မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ စွယ်တော်ကျေးရွာအုပ်စု၌Haina Global Pte Ltd ကုမ္ပဏီ မှတာဝန်ယူဆောင်ရွက်နေသော EP4ဧရိယာ ရေနံတွင်း သို့သွားရောက်၍ ရေနံတူးဖော်နေမှုအခြေအနေအားလည်းကောင်း၊တောင်ဘွေကျေးရွာအုပ်စုငါးမျက်နှာကျေးရွာတွင် တူးဖော်ထားရှိသော သောက်သုံးရေကန်၏ ပတ်ဝန်းကျင်တွင် သစ်ပင်စိုက် ပွဲပြုလုပ်ရန် လျာထားသောမြေနေရာအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဆင်တဲကျေးရွာအုပ်စု တမာကုန်းကျေးရွာ၌ မြစိမ်းရောင် စီးမံကိန်းချေးငွေဖြင့် အဆိုပြုထားရှိသော လုပ်ငန်းများအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ ဆက်)