ပုဗ္ဗသီရိ မေ ၂၄
ပုဗ္ဗသီရိမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက သွားရောက် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက ရပ်ကွက်၊ ကျေးရွာများအတွင်းနေအိမ်များရှိ ခြင်ပေါက် ပွားနိုင်သည့် အိုးခွက်များအတွင်းမှ ရေများစွန့်ပစ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ် ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံ ပညာမူလတန်းကျောင်းများ၊ မူကြိုကျောင်းနှင့် ရပ်ကွက်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)