မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လယ်ဝေးခရိုင်ဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်း ၆၅၂၅၀ ထုတ်ချေးရန်လျာထား

လယ်ဝေး မေ ၂၄

ပြည်ထောင်စုနယ်​မြေ၊ လယ်ဝေးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လယ်ဝေးခရိုင်ဘဏ်ခွဲတွင် တောင်သူဉီးကြီးများအား ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၁၈ ရက်မှစတင် ထုတ်ချေးလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ မိုးစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့အထိ လယ်ဝေးခရိုင်အတွင်းရှိ တောင်သူ ၂၁၃ ဉီး၏ စိုက်ဧက ၈၁၅ ဧကအတွက် မိုးစိုက်ပျိုးစရိတ် ချေးငွေကျပ် ၁၂၂၂ သိန်းကျော် ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

လယ်ဝေးခရိုင်ဘဏ်ခွဲ အနေဖြင့်အခြားနှစ်တို၊ နှစ်ရှည်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးမည်ဖြစ်ပြီး၊ ယခင်ချေးငွေ အတိုးအရင်းများ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများအား စိုက်ပျိုးချိန်အမီ မိုးစိုက်ပျိုးစရိတ်များ ထုတ်ပေးမည်ဖြစ်ရာ မိုးစိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်း ၆၅၂၅၀ ထုတ်ချေးရန်လျာထားကြောင်း ဘဏ်ခွဲမန်နေဂျာ ဒေါ်ခိုင်ကြည်သာထံမှ သိရသည်။

ဝေကြည်(ပြန်/ဆက်)