တာမိုးညဲ မေ ၂၄
ရှမ်းပြည်နယ်၊ တာမိုးညဲမြို့တွင် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်အတိုင်း ယမန်နေ့ နံနက် ၉ နာရီ က စတင်ပြီး မြို့အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ် လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့အပ်နှံရန်၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-Grade1) သို့ အပ်နှံရန်နှင့် ကျောင်းအပ်နှံရာ၌ KG ကလေးများ ကျောင်းအပ်ပါက အိမ်ထောင်စုဇယားမိတ္တူ၊ မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူမွေးစာရင်း မိတ္တူပါယူဆောင်လာရန်နှင့် ကျောင်းများအပ်နှံရာတွင် မည့်သည့်အခေကြေးငွေများ ကောက်ခံခြင်းမရှိပါ၊ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို ကျောင်းသား၊ ကျောင်းသူတိုင်းအား နိုင်ငံတော်မှ (အခမဲ့) ထောက်ပံပေးပြီး ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးကြောင်း သိရသည်။
တာမိုးညဲမြို့တွင် အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလွန်ကျောင်းများအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်(၂၃-၅-၂၀၂၃)မှစ၍ (၃၁-၅-၂၀၂၃)ထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ပြီး ဇွန်လ (၁)ရက်နေ့မှစ၍ ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခေါန်မိုင်(တာမိုးညဲ)