ချောင်းဆုံ မေ ၂၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများ မိုးဦးကာလ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ (Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုက်းက နေအိမ်များအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရပ်ကွက်၊ ကျေးရွားများရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံး များနှင့် နေအိမ်များရှိ ခြင်ပေါက်ဖွားနိုင်သည့်နေရာများနှင့် ရေလှောင်ကန်များ၊ ရေစည်၊ ရေအိုးများနှင့် ဘုရားပန်းအိုးများကို လိုက်လံစစ်ဆေးပြီး ပိုးလောက်လန်းမရှိစေရေး (Abate) ဆေးခပ်ခြင်းများ၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ပေးကာ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ချောင်းဆုံအနောက်ရပ်ကွက်၊ မုရစ်ကလေး၊ မရမ်း၊ ကုလားဘီ၊ ကမာကေး၊ ကော့ကဒဲ့၊ မုဒွန်း ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)