ဟင်္သာတခရိုင် ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် Grade-11 သင်ရိုးသစ်ဆင့်ပွား သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဟင်္သာတ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-11 သင်ရိုးသစ် ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတ တက္ကသိုလ်မှ ဒုပါမောက္ခချုပ် ဒေါက်တာအေးလွင်မှ ဟင်္သာတတက္ကသိုလ်အတွင်း ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့မှု အခြေအနေအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတက်ရောက်ကြသည့် ဆရာ/ဆရာမများကိုယ်စား သင်တန်းသူ ဆရာမတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက သင်တန်းသား/သူ ဆရာ/ဆရာမများအား သင်တန်း ဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ် ပညာရေးမှူး ဆရာကြီး/ ဆရာမကြီးများ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတတက္ကသိုလ်မှ ဆရာကြီး/ ဆရာမကြီးများ၊ ဆင့်ပွားသင်တန်းတက်ရောက်ခဲ့ကြသည့် ဆရာ/ဆရာမများ စုစုပေါင်း ၃၅၀ ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)