ညောင်လေးပင် မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် (ပထမ)အကြိမ် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညောင်လေးပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းမှ အင်း/တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဂရန်အင်း (၁)အင်း နှင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ တင်ဒါချက် (၅)ချက်တို့အား လေလံတင်ရောင်းချရာ ဂရန်အင်းနှင့် တင်ဒါချက်များအားလုံး ရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)