သံဖြူဇရပ် မေ ၂၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ၌ ယနေ့နံနက် ၃ နာရီခွဲ အချိန်ခန့်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကျရောက်သောနေရာသို့ သံဖြူဇရပ်မြို့နယ်၊ နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ အဖွဲ့ဝင် ဗိုလ်မှူး သက်ထွန်းဦး၊ သံဖြူဇရပ်မြို့နယ် ယာယီရဲမှူး ထွန်းထွန်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးစီမံအဖွဲ့တို့နှင့် ပူးပေါင်း၍ သွားရောက်ကြည့်ရှုခဲ့ရာ လေဘေးကြောင့် ထနိမိုး၊ ထရံကာနေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၉၀၀၀၀၀)ကျပ်ခန့်နှင့် ဘုန်းကြီးကျောင်း ပါ နေအိမ်(၁၈)လုံးမှ သွပ်စုစုပေါင်း (၂၀၆)ချပ် ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၂၀၆၀၀၀)ကျပ်ခန့်၊ စုစုပေါင်းဆုံးရှုံးမှုတန်းဖိုး (၁၁၀၆၀၀၀)ကျပ် ခန့် ပျက်စီးရှုံးဆုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်/သေဆုံးမှု မရှိပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)