ငါန်းဇွန် မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(၇)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၇)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၁၁)ကျောင်း၊ မူလတန်းကျောင်း (၇၂)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၁၂၇)ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)