ပေါက်ခေါင်းမြို့၌ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ပေါက်ခေါင်း       မေ     ၂၄

ပြည်ထဲရေးဝန်ကြီးဌာန ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းကို အထက(ပေါက်ခေါင်း) စာသင်ခန်းမတွင် မေလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ()ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းသား သားငယ်သမီးငယ်များအား ဘာသာသာသနာနှင့် နိုင်ငံတော်အတွက် အဖိုးတန်သော သားကောင်း၊ သမီးငယ်များဖြစ်အောင် ကျင့်ကြံနေထိုင်သွားပါရန် တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဆရာမ()ဦးက ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာနှင့် ဗုဒ္ဓဝင်အကျဉ်း၊ သမ္မောဒမာနဇာတ်တော်၊ ပြည်သူ့နီတိ၊ သားသမီးကျင့်ဝတ်()ပါး၊ မိဘကျင့်ဝတ်()ပါး၊ အရပ်(၁၀)မျက်နှာမေတ္တာပို့၊ ထိခြင်းငါးပါးဖြင့် ဘုရားရှိခိုးနည်း စသည့်ဘာသာရပ်များကို နေ့စဉ်နံနက် နာရီခွဲမှ ၁၂ နာရီအထိ သင်တန်းသား၊ သင်တန်းသူ (၆၀)ဦးတို့အား အသေးစိတ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)