ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ရဟန်းသံဃာများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေး

ပင်းတယ မေ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာတော်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster)ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ရွာငယ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းတိုက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သံဃာတော် (၇၃)ပါးနှင့် ဒေသခံပြည်သူ (၁၉)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster)ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များတွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သံဃာတော်များအား သတ်မှတ်ရက်များအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster)များကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် သတ်မှတ်ရက်များအလိုက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster)များထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)