ပေါင်တည်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ပေါင်းတည် မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ကုသ​ရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ ဆေးထိုးစင်တာ အပါအဝင် မြို့နယ်အတွင်းဆေးထိုးစင်တာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ​မြို့နယ်ပြည်သူ့ဆေးရုံတွင်အငြိမ်းစား ဝန်ထမ်းများလာရောက် ဆေးထိုးနှံမှု ခံယူကြကြောင်း သိရသည်။

ယနေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းချစ်နှင့်အတူ ကျန်းမာရေးဝန်ထမ်းများက ဝန်ထမ်းများအား ပဉ္စမအကြိမ် ထိုးနှံနိုင်ရေးအတွက် Sinopharm ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း၊ ယင်းအပြင် အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် တတိယအကြိမ်၊ စတုတ္ထအကြိမ် ဆေးထိုးနှံမှုများ ကိုလည်း ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ယနေ့တွင် အငြိမ်းစားဝန်ထမ်း ၂ဝ ဦးကို တတိယအကြိမ်ဆေးထိုးနှံမှုအဖြစ် Sinopharm ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)