နတ်မောက် မေ ၂၄
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂ဝ၂၃ -၂ဝ၂၄ ခု၊ ဘဏ္ဌာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သောလုပ်ငန်းခွင်သုံး ပစ္စည်းများအား ပစ္စည်းတင်ဒါစနစ်ဖြင့် ဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲကို ယမန်နေ့ ရက်နေ့၊ နံနက် (၁၀) အချိန်တွင် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။
အဆိုပါတည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းခွင်သုံး ပစ္စည်းများဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားသို့ တင်ဒါကော်မတီဥက္ကဋ္ဌ မကွေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဆောင်းတင်၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးနေမန်း ( ဒုတိယညွှန်ကြားရေးမှူး )နှင့် တင်ဒါကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တင်ဒါတင်သွင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ တင်ဒါဝယ်ယူရာတွင် Lot (၅)ခု သတ်မှတ်ထားရှိပြီး Lot တစ်ခုချင်းစီအလိုက် တင်ဒါဖွင့်လှစ်ခဲ့ရာ Lot အားလုံး တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။
ဦးလှဝင်း