မြို့သစ်မြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မြို့သစ် မေ ၂၄

မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် ယနေ့နံနက် ၇နာရီက မြို့နယ်စည်ပင်သာယာစျေးနှင့် နေပြည်တော်-မြို့သစ်-ကံပြား လမ်းဆုံသို့ သွားရောက်၍ စျေးရောင်းချသူ/စျေးဝယ်သူ ပြည်သူများ၊ ခရီးသွားပြည်သူများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ဝေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအသိပညာပေးလက်ကမ်းစာစောင်တွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အဂတိလိုက်စားမှုနှင့်စပ်လျဥ်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အဂတိတရား(၄)ပါး၊ အဂတိလိုက်စားမှုပုံစံများ၊ အဂတိလိုက်စားမှုအမျိုးအစားများ၊ အဂတိလိုက်စားမှုကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်များ၊ အဂတိလိုက်စားမှုကြောင့်ဖြစ်ပေါ်သည့် နစ်နာမှုများ၊ အဂတိလိုက်စားမှု၏ သက်ရောက်မှုများ စသည်တို့အား အသိပညာပေး ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)