မင်းလှ မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၅၅) ကျောင်းနှင့် ဘ/က ကျောင်း(၄) ကျောင်းတို့၌ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကျောင်းများအလိုက် ဆရာ ဆရာများကလက်ခံဆောင်ရွက်ပေး၍ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံစသည့် ပစ္စည်းတွေကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်မှ ၃၁ ရက်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဇွန်လ ၁ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများဖွင့်လှစ်၍ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)