တန့်ယန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေး မြို့နယ်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်ဆောင်ရွက်

တန့်ယန်း မေ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် လီရှော(လီဆူ)လူမျိုးများကို အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိနိုင်ရေးအတွက် မြို့နယ်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ လီရှော(လီဆူ)လူမျိုးများကို အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိနိုင်ရေးအတွက် ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရွှေအိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့ ကြည့်ရှုအားပေးခဲ့ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်က ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။                                                                                                  

မင်းလွင်ဦး(ပြန်/ဆက်)