သရက်မြို့၌ ၂၀၂၃ခုနှစ်၊ မိုးအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

သရက် မေ ၂၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၃ခုနှစ်၊ မိုးအကြို စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက် (၈)နာရီက ရေမှတ်တိုင်လမ်းရှိ သစ်တောရိပ်သာဝန်းအတွင်း စိုက်ပျိုးခဲ့သည်။

အဆိုပါ မိုးအကြို စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်များ၊ မြို့နယ်အဆင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက ကျွန်း(၅၀)ပင်၊ တမာ(၅၀)ပင်၊ ရေတမာ(၅၀) ပင်နှင့် ယင်းမာပင် (၅၀)ပင် တို့အား စိုက်ပျိုးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သစ်ပင်များစိုက်ပျိုးပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများမှ သစ်ပင်များ စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)