ဥတ္တရသီရိ မေ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် ဥတ္တရခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ နေပြည်တော် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ဒေါ်အေးအေးသန့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အဆင့်မြင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာအဖြစ်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းဆရာမ ဒေါ်စုနန္ဒာငြိမ်းမှ သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် သင်တန်းအချိန်ဇယားများအား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ နေပြည်တော်အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင် သား၊ သမီးများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၁)ဦး တက်ရောက်ကြပြီး သင်တန်းတွင် ဗုဒ္ဓဝင်အကျဥ်း(မှတ်စု)၊ ဘုရားရှိခိုးခြင်းမင်္ဂလသုတ်နှင့် ၃၈ ဖြာ မင်္ဂလာတရားတော်များကို မေလ ၂၄ ရက် နေ့မှ ၂၆ ရက်နေ့အထိ ၃ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)