ညောင်လေးပင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၈)လုံးနှင့် သီလရှင်ကျောင်း(၁)ကျောင်း အမိုးလန်ပြိုလဲပျက်စီး

ညောင်လေးပင် မေ ၂၄

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြို့မ(၁)ရပ်ကွက်၌ ယမန်နေ့ညနေ ၁၈ နာရီ ၁၅ မိနစ်အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၈)လုံးနှင့် သီလရှင်ကျောင်း(၁)ကျောင်း အမိုးလန်ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြို့မ(၁)ရပ်ကွက်အတွင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၄)လုံး အမိုးလန်ပျက်စီး၍ လူနေအိမ်(၄) လုံးနှင့် သီလရှင်ကျောင်း(၁)ကျောင်းမှာ ပြိုလဲခဲ့ကာ ပျက်စီးဆုံးရှူံးမှုတန်ဖိုးမှာ ၄၃၇၀၀၀၀ ခန့်ရှိပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးသင့်၍ အမိုးလန်ပြိုလဲပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအား ယာယီနေထိုင်နိုင်ရေးနှင့် အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက် )