လားရှိုးတွင် ခရိုင်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်လူရွေးချယ်ပွဲပြုလုပ်

လားရှိုး မေ ၂၄

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက် (၂၅) နှစ်အောက် ခရိုင်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်အဆင့်လူရွေးချယ်ပွဲကို ယမန်နေ့နံနက်ပိုင်းက လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ခရိုင်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲအတွက် လားရှိုးခရိုင်အတွင်းရှိ လားရှိုး ၊သိန္နီ၊ တန့်ယန်း ၊မိုင်းရယ်၊ ကွမ်းလုံမြို့များမှ ဖူဆယ်ဘောလုံးအားကစားသမားများ လာရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ကြကြောင်း သိရသည်။

လူရွေးပွဲတွင် လားရှိုးခရိုင်ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ရန်အတွက် လားရှိုးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ဖူဆယ်ဘောလုံး အားကစားသမား အမျိုးသား (၁၂)ဦး၊ အမျိုးသမီး(၁၂)ဦးရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသူများသည် ဇွန်လအတွင်း တောင်ကြီးမြို့တွင်ကျင်းပမည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက် (၂၅) နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် ကြရမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)