တပ်ကုန်းမြို့၌ မိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် လူနေအိမ် ၆လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွား

တပ်ကုန်း မေ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ယမန်နေ့ နံနက် ၂ နာရီခွဲက  မိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာတွင် လူနေအိမ် ၆ လုံး အမိုးလန် ပျက်စီးမှုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်ပွားမှုကြောင့် အလည်ကျွန်းကျေးရွာတွင် အုတ်ညှပ်၊ ပျဉ်ခင်း၊ သွပ်မိုး နှစ်ထပ်အိမ် တစ်လုံးနှင့် ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုးအိမ်တစ်လုံး၊ သံပုရာကုန်းကျေးရွာတွင်  ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုး လူနေအိမ် ၄ လုံး၊ စုစုပေါင်းလူနေအိမ် (၆)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်