ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာ​ပေး​​​ Talk Show ကျင်းပ

ဗဟန်း မေ ၂၄

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့၊ ညနေ ၅ နာရီ က ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ဒေါ်သော်တာဝင်းပြည့်နှင့်​ စာရေးဆရာခိုင်မင်း (နေပြည်တော်) တို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် ကမ္ဘာ့ကြီးပူ‌နွေးလာမှုနှင့်အတူ လူသားတွေဆက်လက်ရပ်တည်နိုင်ဖို့ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ စသည့်တို့ကို အသိပညာ​​ပေး​ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)ရုံး အနေဖြင့် ပြည်သူများဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး