ဟင်္သာတတက္ကသိုလ်နယ်မြေ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာ အလယ်တန်း GRADE-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဟင်္သာတ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဟင်္သာတက္ကသိုလ်နယ်မြေ တိုင်းဒေသကြီးအဆင့် အခြေခံပညာအလယ်တန်း GRADE-9 သင်ရိုး သစ်ဆင့်ပွားသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၁ နာရီက အထက ၁ ကျောင်း “ဟင်္သာခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်မှ အဖွင့်အမှာ စကား ပြောကြားပြီးနောက် ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းမှ သင်တန်းမှ သင်ကြား ပို့ချပေးလိုက်သော သင်ရိုးသစ်သင်ကြားနည်း စနစ်များအား သင်တန်းသာ/သူ ဆရာ/ဆရာမများ အနေဖြင့် မိမိတာဝန်ကျရာကျောင်းများတွင် ကျောင်းသား/သူများအား ပြန်လည်၍ ဂရုတစိုက် သင်ကြားပို့ချစေလိုကြောင်း၊ ဆရာ​ကျောင်းသားမိဘ ပူးပေါင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာ မည်ဖြစ်ကြောင်း၊ ယခုသင်တန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး အဖက်ဖက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသော သူများအားလုံးအား ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီးများ၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်သီတာအောင်နှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟင်္သာတခရိုင် မြန်အောင်ခရိုင်၊ ကျုံပျော်ခရိုင်တို့မှ ပညာရေးမှူးများနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား/သူ ဆရာ/ဆရာမများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရ သည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)