ချောင်းဆုံ ဧပြီ ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (ထက်၊လယ်မူ)အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ယူ၍ စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား/သူများ အောင်စာရင်းကို ဧပြီလ ၂၇ ရက်နေ့က မြို့နယ်ရှိအခြေပညာကျောင်းများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ (ထက်၊လယ်၊မူ)ကျောင်း(၁၁၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁) ကျောင်းမှ ၂၀၂၂-၂၀၂၃ ခပညာသင်နှစ်အတွင်း အထက်တန်းအဆင့်ကျောင်းသား/သူ(၁၄၂၈)ဦးဝင်ရောက် ဖြေဆိုခဲ့ပြီး အောင်မြင်သူ(၁၄၂၇)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/သူ(၄၆၅၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ(၄၆၅၈) ဦးနှင့် မူလတန်းအဆင့် ကျောင်းသား/သူ(၁၆၅၀၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ (၁၆၅၀၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)