ကော့မှူး၌ သံဃာတော်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေး

ကော့မှူး ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဂိုဏ်ပေါင်းစုံ သံဃာတော်အပါး(၁၁၁၁၁)ပါးအား ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲသို့ ကြွရောက်မည့် သံဃာတော်များအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ ထိုးနှံပေးနေကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝ၏လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သံဃာတော်များ(၁၅၈)ပါးအား‌ မြို့နယ်အတွင်းရှိ‌ ကျေးလက်ဆေးပေးခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ထိုးနှံပေးနေကြောင်း သိရသည်။

ကျော်သူရ